သင့်အသက်တွေ ကြီးလာပြီ လောဘတွေ ကြီးနေတုန်းပဲလား။
သင့်ဆံပင်တွေ ဖြူလာပြီ စိတ်ထားတွေ မဖြူနိုင်သေးဘူးလား။
သင့်ဆံပင်တွေ ကျွတ်လာပြီ အကျွတ်တရားတွေ မရှာနိုင်သေးဘူးလား။
သင့်မျက်စိတွေ မှုန်ဝါးလာပြီ အပါယ်လွတ်လမ်းအတွက် မှုန်ဝါးနေတုန်းပဲလား။
သင့်နားတွေ ထိုင်းလာပြီ တရားနာဖို့ ထိုင်းမှိုင်းနေတုန်းပဲလား။
သင့်လက်တွေ တုန်လာပြီ တရားနာဖို့ ချီတုံချတုံ ဖြစ်နေတုန်းပဲလား။
သင့်ခြေထောက်တွေ ယိုင်လာပြီ အမှားဘက်ကို ယိုင်နေတုန်းပဲလား။
သင့်အသားအရေတွေ တွန့်လာပြီ ကုသိုလ်လုပ်ဖို့ တွန့်နေတုန်းပဲလား။
သင့်စိတ်တွေ တွေဝေလာပြီ ၀ိပဿနာ အားထုတ်ဖို့ တွေဝေနေတုန်းပဲလား။
သင့်အင်အားတွေ လျော့လာပြီ အကုသိုလ်တွေ မလျော့သေးဘူးလား။