ESSENCE OF DHAMMA
Dhammaessenceဖိုရမ်သည် ရပ်ဝေးမြေခြား ဓမ္မသုတေသီနှင့် စာသင်သားကျောင်းသားများအတွက် ဆုံဆည်းရာဖိုရမ်ဖြစ်သောကြောင့် ညစ်ညမ်းသော ပုံများနှင့် စာများရေးသားခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။(မော်နီတာ)
ESSENCE OF DHAMMA
Dhammaessenceဖိုရမ်သည် ရပ်ဝေးမြေခြား ဓမ္မသုတေသီနှင့် စာသင်သားကျောင်းသားများအတွက် ဆုံဆည်းရာဖိုရမ်ဖြစ်သောကြောင့် ညစ်ညမ်းသော ပုံများနှင့် စာများရေးသားခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။(မော်နီတာ)
ESSENCE OF DHAMMA
Would you like to react to this message? Create an account in a few clicks or log in to continue.
ESSENCE OF DHAMMA

Essence of Dhamma
 
HomeမာတိကာGalleryPublicationsLatest imagesSearchRegisterLog in

 

 မြတ်ဗုဒ္ဓ၏ဒီမိုကရေစီလမ်းစဉ်

Go down 
AuthorMessage
admin




Posts : 58
Join date : 2010-09-29
Age : 39
Location : Myanmar

မြတ်ဗုဒ္ဓ၏ဒီမိုကရေစီလမ်းစဉ် Empty
PostSubject: မြတ်ဗုဒ္ဓ၏ဒီမိုကရေစီလမ်းစဉ်   မြတ်ဗုဒ္ဓ၏ဒီမိုကရေစီလမ်းစဉ် EmptyMon 29 Jul 2013 - 8:24


အခုကျွန်တော်တို့ ပြောပြောနေသည့် ဒီမိုကရေစီဟူသည် မြတ်စွာဘုရား လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ကျော် ကတည်းက ချမှတ် ကျင့်သုံးလာခဲ့ခြင်းဖြစ်သည် ။သက်ဦးဆံပိုင်စနစ်၊ ကွန်မြူနစ်စနစ်တို့ ၊ ဆိုရှယ်လစ်အကြောင်းတွေ အားလုံးသည်လည်း ၎င်းကတည်းက မြတ်စွာဘုရားကိုယ်တော်တိုင်သိခဲ့ဟောကြားခဲ့သောတရားသာတည်း။ ဗြဟ္မာဇာလခေါ်ဆို သည့် အကြီးကျယ်ဆုံးသော သုတ္တန်ထဲမှာ အယူမှားအကျင့်မှားစသည့် မိစ္ဆာဒိဋ္ဌိအကြောင်းတွေ ဟောကြားထားသည့်တရားတော်များတွေ့ရှိနိုင် ပါသည်။ နှိုင်းယှဉ်လေ့လာကြည့်မည်ဆိုလျှင် သဿတ ဒိဋ္ဌိ ၊ ဥစ္ဆေဒဒိဋ္ဌိ၊ လောကနိဗ္ဗာနဝါဒ တို့သည် တစ်ချိန်က ကမ္ဘာမှာ နာမည်ကြီးသည့် ကွန်မြူနစ်ဝါဒတို့ဖြစ်သည်။ ဤသည်ကား အနည်းမျှသာ ရေးသားဖော်ပြခြင်းဖြစ်သည်။ ကမ္ဘာပေါ်မှာ ကျင့်သုံးနေကြသော စနစ်နှင့် အယူ ဝါဒများစွာကို လေ့လာနိုင်ပါသေးသည်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဝါဒကို ကျွန်တော်တို့အနေဖြင့် ဒီမိုကရေစီလမ်းစဉ် အတိုင်း စဉ်စားကြည်မည်ဆိုလျှင် မြတ်စွာဘုရားဖွဲ့စည်းထားသော သံဃာ ဆိုသည့် အသင်းအဖွဲ့သို့ ဝင်လာသည့် ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်စေ။ ဘုရင် သူဋ္ဌေး သူတောင်းစားလယ်သမား အလုပ်သမား မည်သူမဆို ရဟန်းဖြစ်ပြီဆိုသည်နှင့်။ တစ်ဝိုင်းတည်းသော ဆွမ်းဝိုင်းမှာအတူ စားသောက်ခွင့်၊ တစ်လမှာ နှစ်ကြိမ်ကျ ပြုလုပ်သော ပါတိမောက်ပြသည့် အခမ်းအနားတွေမှာအတူပါဝင်ခွင့် ၊ မိမိ အယူအဆတွေကို လူစုံရာမှာ တင်ပြပြောဆိုခွင့်၊ ကိုယ်တိုင်ခံယူလာသည့် ဆွမ်းတွေကိုလည်း မိမိထက် ဝါကြီးသည့် ဆည်းကပ်စရာမလိုအပ်ဘဲ မိမိ သဘောအတိုင်း သုံးဆောင်စားသောက်နိုင်ခွင့်၊ မိမိ အစွမ်း အစဖြင့်ရရှိလာသည့် ပစ္စည်းများကိုလည်း မိမိသဘော အတိုင်းသုံးစွဲပိုင်ခွင့်ပေးခဲ့ပါသည်။ အားလုံး ငြိမ်းချမ်းစွာ နေနိုင်ဖို့ နှစ်နိုင်ငံ စစ်ဖြစ်မည့် အရေးတွေမှာလည်း ကြားဝင် ဆောင်ရွက်တော်မူခဲ့ ပါသေးသည်။ ဒီအချက်တွေသည် ကျွန်စနစ်နှင့်သက်ဦးဆံပိုင်စနစ်ကို ပထမဦးစွာ တွန်းလှန်ခဲ့သူ၊ ကွန်မြူနစ်ဖြင့် အကြမ်းဖက်သည့် နာဇီနှင့် ဖက်ဆစ်မူဝါဒ တွေကို ပြင်းထန်စွာ ဝေဖန်ခဲ့သူ တစ်ဦး အဖြစ်တွေ့နိုင်ပါသည်။ သံဃာပိုင်အဖြစ်ပေးအပ်သော ပစ္စည်းမှန်သမျှတွေကိုလည်း အမှန်တကယ် လိုအပ်သောသူများကို သာပေး အပ်ရမည်။ ကိုယ်နှင့် ချစ်ကျွမ်းဝင်သူကို မျက်နှာလိုက်မပေးရ ၊ ပေးလျှင် ဝိနည်းဥပဒေအရ အပြစ်ကို ခံယူရမည်ဟူလည်း ထိမ်းချုပ်ထားခဲ့ပါသေးသည်။ နေထိုင် စားသောက်မှုဆိုင်ရာ ဥပဒေ ၊ ကိုယ်တိုင် လိုက်နာကျင့်သုံးရမည့် ဥပဒေ၊ ပေါင်းသင်းဆက်ဆံမှုဆိုင်ရာ ဥပဒေ၊ အချင်းချင်း စိတ်ဝမ်းကွဲ၍အဓိကရုဏ်း မဖြစ်အောင် သီးသန့် ပြဋ္ဌာန်းထားသည့် ဥပဒေမျိုးတွေ အပြင် အချင်းချင်းစိတ်ဝမ်းကွဲပြီး ပြန်လည်သင့်မြတ်ကြချိန်မျိုးမှာလည်း ပုံမှန်မဟုတ်သော အရေးပေါ် လွတ်တော်(ပဝါရဏာ)ခေါ်ဆိုခြင်းစသည့် ပြည့်စုံသောဥပဒေများကိုလည်း စနစ်တကျ ချမှတ်ခဲ့ပါသေး သည်။ ထို့အပြင် မြင့်မြတ်သော သာဝကရာထူးတွေကိုလည်း အမျိုးအနွယ် အဆင့်အတန်းကို မကြည့် ဘဲပေးအပ်ခဲ့သည်။ တော်သောသူကို တော်သည့်အလိုက် ထိုသူထိုက်တန်သော ဘွဲ့တွေ ဂုဏ်ထူးတွေ ကို ယောက်ျားမိန်းမ အမျိုးနိမ့်မြင့် မခွဲခြားပါဘဲပေးအပ်ခဲ့တာဟာ ဒီမိုကရေစီသာဖြစ်သည်။ မြတ်စွာဘုရား လက်ထက်မှာ ကြည့်မည်ဆိုရင် အတော်ဆုံးဆိုသည့် ဧတဒဂ်ဘွဲချီးမြင့် ခံရသည့် အမျိုးသမီး ရဟန္တာ မတွေ အများကြီးပေတည်း။ မြတ်စွာဘုရားကိုယ်တော်တိုင် ယောက်ျားသားတွေကိုသာ ဦးစားပေး ချီးမြင့်ခြင်း မဟုတ်ပဲ ယောက်ျားနှင့်မိန်းမတွေကို တန်းတူ အခွင့်အရေးတွေပေးခဲ့သည်။ ကြိုးစားနိုင်မည်ဆိုရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမဆို အမြင့်မြတ်ဆုံး ဖြစ်သော ဘုရားဆိုသည့် အဖြစ်ကိုလည်းရအောင် ကြိုးစားပိုင်ခွင့်တွေကိုတောင် သူပေးထားခဲ့ပါသည်။ဘုရား ဆိုသည့် အမြင့်ဆုံးရာထူးကို သူတစ်ဦးတည်းဟု မြတ်စွာဘုရားသည် မည်သည့်အချိန်အခါမျှ မိန့်တော် မမူခဲ့ပေ။ ဒါ့ကြောင့်မြတ်စွာဘုရား၏ လမ်းစဉ်လောက် ဒီမိုကရေစီနည်းလမ်းကျသည်ဟူ၍ မရှိဟု ဆိုနိုင်လောက်ပေသည်။
ဗုဒ္ဓဘာသာသမိုင်း၏ ပထမဦးဆုံးသော လွတ်တော်ခေါ်ယူခြင်း။
ဗုဒ္ဓဘာသာသမိုင်းကိုလေ့လာကြည့်မည်ဆိုရင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ရွေးကောက်တင်မြောက်ပွဲကို လေ့လာကြည့်မည်ဆိုလျှင် ပထမ သင်္ဂါယနာ တင်ပွဲမှာ ပိုသိသာ ထင်ရှားပါသည်။ အရှင်မဟာကဿပ ဦးဆောင်သူအဖြစ် အားလုံးသော ရဟန်များကရွေးချယ် တင်မြောက်ခဲ့ပေသည်။ အရှင်မဟာ ကဿပ ကိုယ်တော် ကမှ တဆင့် ဒုတိယ သမ္မတ ကဲသို့ ခေါင်းဆောင်တေနှင့် လွတ်တော်ကိုယ်စားလှယ်တွေကို ထပ်ပြီးရွေးချယ်ခဲ့ပါသည်။ ရွေးချယ်ရာမှာလည်း အရည်အချင်းပြည့်ဝသူကိုသာလျှင် မျက်နှာမလိုက်ပဲ တိတိကျကျ ရွေးချယ်ခဲ့သည်ကို တွေ့နိုင်ပါသည်။ ဥပမာအားဖြင့် မြတ်စွာဘုရားရှိစဉ်က မြတ်စွားဘုရား၏ အထွေထွေ အတွင်းရေးမှူးဟု ပြောရင်လည်းရ ညီတော်သူလည်း ဖြစ်သည့် အရှင် အာနန္ဒာကို ဝါမဆိုခင် ရဟန္တာဖြစ်အောင်မကျင့်နိုင်လျှင် သင်္ဂါယနာတင်ပွဲ ပါဝင်ခွင့်မပေးဟု ပြတ်သားစွာ မိန့်တော်မူခဲ့သည်မှာ အင်မတန် တရားမျှတပြီး ဘက်မလိုက်သည့် ရွေးချယ် တင်မြောက်ပွဲကြီး ပင်ဖြစ်သည်မဟုတ်ပါလော။
ခေါင်းဆောင်ရွေးချယ်ရာမှာမိမိဆန္ဒအတိုင်း အဆိုတင်သွင်းခြင်း ကြိုတင်စီမံထားခြင်း လုံးဝမရှိဘဲ သံဃာတော်တွေ အားလုံးက အသင့်တော်ဆုံးသော ပုဂ္ဂိုလ် အရည်အချင်း ရှိသူကို အားလုံး၏သဘောတူညီမှုကြောင့် အရှင်မဟာကဿပကိုယ်တော်ကို ရွေးချယ်တင်မြောက်ခဲ့ ပါသည်။ ယုံကြည်စွာရွေးချယ်ခံရသည့် ကိုယ်တော်သည်လည်း အများအားကိုးသည့် အားလျှော်စွာ၊ ခေါင်းဆောင်ကောင်း တစ်ယောက် ပီသစွာဖြင့် နောက်ထပ် စွမ်းဆောင်နိုင်မည့် သူတွေကို သူကိုယ်တိုင် မှန်မှန်ကန်ကန် ရွေးချယ်ပေးခဲ့ပါသည်။ ဒါကြောင့်လည်း ပထမ သင်္ဂါယနာတင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ကြိုတင် ရေးဆွဲထားသည့် ဥပဒေ လုပ်ထုံးလုပ်နည်းတွေလုံးဝမပါပဲ လွတ်တော်ကိုယ်စားလှယ်အားလုံး၏ သဘောတူညီမှုဖြင့် သာလျှင် မှန်ကန်သောအချက်များကို အားလုံးမှတ်တမ်းတင် အသိအမှတ်ပြု ခဲ့ကြသည်ကို တွေနိုင်ပါသည်။ အတည်ပြုချမှတ်နိုင်ခဲ့သည့်အတိုင်း အားလုံးကလည်း သဘောတူလက်ခံ ကျင့်သုံးခဲ့ကြပါသည်။
မှန်ကန်သောရွေးချယ်မှုနှင့် မှန်ကန်သော လွတ်တော် အစည်းအဝေး ဖြစ်သည့် အတွက် ယနေ့တိုင် ထေရဝါဒ သာသနာမှာ ပြုပြင်ခြင်း ထပ်ဖြည့်ခြင်း စသည်ဖြင့် ပြုလုပ်ရန် မလိုအပ်ပဲ ပြည့်စုံကောင်းမွန်စွာ ဆက်လက်ကျင့်သုံးနေနိုင်ခဲ့ပါတယ်။ ထိုရလဒ်ကြောင့်ယနေ့ တိုင် ကျွန်တော်တို့တစ်တွေ မြတ်စွာဘုရား၏ တရားတော် အစစ်များကို ဆည်းကပ်နာကြားခွင့် ရနေခြင်းက သက်သေခံ လျက်ရှိပါသည်။ ယနေ့ ကမ္ဘာပေါ်တွင်ရွေးချက်တင်မြောက်သည့် စနစ် ကျင့်သုံးသော ဒီမိုကရေစီ ဆိုသည်မှာ မြတ်စွာ ဘုရားချမှတ်ခဲ့သော လမ်းစဉ်သာ ဖြစ်ပါသည်။
မြတ်စွာဗုဒ္ဓ၏ ဒီမိုကရေစီ ကမ္ဘာတည် တရွေး ဆက်လက် တည်ရှိပါစေ..
သောတုဇန
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်-၇န်ကုန်)
Back to top Go down
 
မြတ်ဗုဒ္ဓ၏ဒီမိုကရေစီလမ်းစဉ်
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
ESSENCE OF DHAMMA :: Ph.D :: M.A-
Jump to: