ESSENCE OF DHAMMA
Dhammaessenceဖိုရမ်သည် ရပ်ဝေးမြေခြား ဓမ္မသုတေသီနှင့် စာသင်သားကျောင်းသားများအတွက် ဆုံဆည်းရာဖိုရမ်ဖြစ်သောကြောင့် ညစ်ညမ်းသော ပုံများနှင့် စာများရေးသားခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။(မော်နီတာ)
ESSENCE OF DHAMMA
Dhammaessenceဖိုရမ်သည် ရပ်ဝေးမြေခြား ဓမ္မသုတေသီနှင့် စာသင်သားကျောင်းသားများအတွက် ဆုံဆည်းရာဖိုရမ်ဖြစ်သောကြောင့် ညစ်ညမ်းသော ပုံများနှင့် စာများရေးသားခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။(မော်နီတာ)
ESSENCE OF DHAMMA
Would you like to react to this message? Create an account in a few clicks or log in to continue.
ESSENCE OF DHAMMA

Essence of Dhamma
 
HomeမာတိကာGalleryPublicationsLatest imagesSearchRegisterLog in

 

 မြန်မာနိုင်ငံသို့ သာသနာရောက်ရှိလာပုံ

Go down 
AuthorMessage
sitagustudent




Posts : 6
Join date : 2018-07-27

မြန်မာနိုင်ငံသို့ သာသနာရောက်ရှိလာပုံ Empty
PostSubject: မြန်မာနိုင်ငံသို့ သာသနာရောက်ရှိလာပုံ   မြန်မာနိုင်ငံသို့ သာသနာရောက်ရှိလာပုံ EmptyWed 19 Sep 2018 - 12:01

၁။ ပထမသာသနာရောက်ရှိခြင်း

မြတ်ဗုဒ္ဓ ဘုရားဖြစ်တော်မူပြီး ရှစ်သတ္တာဟမြောက် လင်းလွန်းပင်ရင်း၌ နေတော်မူစဉ် ဥက္ကလာပ ဇနပုဒ်သား တဖုဿနှင့် ဘလ္လိက ညီနောင် ကုန်သည်တို့သည် မြတ်စွာဘုရားထံ ဒွေဝါစိက သရဏံတည်ကြ သည်။ မြတ်စွာဘုရားသည် လက်ယာလက်တော်ဖြင့် ဦးခေါင်းတော် သုံးသပ်တော်မူပြီး ဆံတော်ဓါတ် ၈ ဆူကို ညီနောင်နှစ်ယောက်တို့အား ပေးသနားတော်မူသည်။ ညီနောင်တို့သည် ဇာတိဖြစ်သော ဥက္ကလာပဇနပုဒ် အသိတဉ္ဇနမြို့သို့ ဘုရားဖြစ်တော်မူပြီး ၃လနှင့် ၅ ရက်တွင် ရောက်ရှိသည်။ အသိတဉ္ဇနမြို့သည် အသိတဉ္ဇနမြို့ (အံ၊၁၊ ဋ္ဌ၊ ၂၉၄၊ ၅)၊ ပေါက္ခရ၀တီမြို့(ထေရာဂါထာအဋ္ဌကထာ-၁၊ ၅၉)၊ ဥက္ကလာမြို့(၀ိ-၃၊ ပါ-၅) ဟူ၍ အမည် သုံးမျိုး(ကလျာဏီ-၃၂၊)ကွဲပြားနေသည်။ အလောင်းမင်းတရားကြီးလက်ထက် ဒဂုံ(တိဂုံ)မြို့ကိုပင် ရန်အပေါင်း များစွာ ကုန်စင်သောကြောင့် ရန်ကုန်ဟူ၍လည်း အဆိုရှိပြန်သည်။
တိဂုံမြို့၏ သိင်္ဂုတ္တရမည်သောကုန်းထက်၌ ဆံတော် ၈ ဆူကို ဌာပနာ၍ တည်သောစေတီဖြစ်သော ကြောင့် ရွှေတိဂုံစေတီတော် ဟု သမိုင်းရာဇ၀င်များက ရေးသားလာကြသည်။ ဤကား မြန်မာပြည်သို့ ပထမ သာသနာရောက်ရှိလာခြင်းတည်း။

၂။ ဒုတိယသာသနာရောက်ရှိလာခြင်း

မြတ်စွာဘုရား ၈ ၀ါအရတွင် ဂ၀ံပတိမထေရ် လျှောက်ထားသဖြင့် ရာမညရဋ္ဌ၏ သုဓမ္မပုရ(သထုံ)မြို့သို့ နောက်ပါသံဃာများနှင့် ကြွတော်မူ၍ သီဟမင်းကြီးနှင့်တကွ လူအပေါင်းတို့အား တရားဟောတော်မူပြီးနောက် ဆံတော် ၆ ဆူကို ပေးသနားတော်မူခဲ့သည်။ ဘုရားပရိနိဗ္ဗာန်စံတော်မူသောအခါ မြတ်စွာဘုရားအဓိဋ္ဌာန်ထားခဲ့ သည့်အတိုင်း ၃၃ ချောင်းသော သွားတော်တို့ကို ဂ၀ံပတိမထေရ်သည် သုဓမ္မပုရ(သထုံ)မြို့ ပင့်ဆောင်၍ သီဟမင်းကြီးအား ပေးပြီး စေတီတည်ထားစေသည်။ ဤကား မြန်မာပြည်သို့ ဒုတိယသာသနာရောက်ရှိလာ ခြင်းတည်း။

၃။ တတိယသာသနာရောက်ရှိလာခြင်း

မြတ်စွာဘုရားသည် ၀ါတော် ၂၀ အကျော်တွင် မြန်မာနိုင်ငံ သုနာပရန္တတိုင်း၏ ၀ါဏိဇဂါမသို့ နောက်ပါသံဃာ ၅၀၀ တို့နှင့် ကြွတော်မူပြီး စန္ဒကူးနံ့သာကျောင်းတော်ကို အလှူခံတော်မူခြင်း၊ နမ္မဒါနဂါးနှင့် သစ္စဗန္ဓရသေ့တို့ တောင်းပန်၍ အောက်ခြေတော်မူရာနှင့် အထက်ခြေတော်ရာ ချထားတော်မူခဲ့ခြင်း၊ မဟာပုဏ္ဏမထေရ်ကို သုနာပန္တရတိုင်း ၀ါဏိဇဂါမတွင် သာသနာတည်စေရန် ထားတော်မူခဲ့အားဖြင့် မြန်မာပြည်သို့ တတိယသာသနာရှောက်ရှိလာခဲ့သည်။

၃။ စတုတ္ထသာသနာရောက်ရှိလာခြင်း

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သာသနာသက္ကရာဇ် (၂၃၅)ခုနှစ်တွင် တတိယသင်္ဂါယနာ တင်ပြီးသောအခါ ပါဋလိပုတ်ပြည်ရှင် ဘုရင် သီရိဓမ္မာသောကမင်းသည် ကိုးတိုင်းကိုးဌာန သာသနာပြုစေ လွှတ်၏။ သုဝဏ္ဏဘူမိ သို့ သောဏမထေရ်နှင့် ဥတ္တရမထေရ်တို့ဦးဆောင်သော အနုရုဒ္ဓါ၊ တိဿဂုတ္တ၊ သောဏေယ တို့သည် သာသနာသက္ကရာဇ် (၂၃၅) ခုနှစ်တွင် ကြွရောက်တော်မူကြသည်။ မထေရ်တို့သည် အန္တရာယ်များကို ဖယ်ရှားပေးပြီးနောက် လူအပေါင်းတို့အား ဗြဟ္မဇာလသုတ်ဟောကြားရာ ပရိသတ် ၆၀၀၀၀ ရဟန္တာဖြစ်၍ ယောက်ျား ၃၅၀၀ ၊ အမျိုးသမီး ၁၅၀၀ တို့ သာသနာဘောင်သို့ ၀င်ရောက်ကြသည်။ ဤသည်ကား မြန်မာပြည်သို့ စတုတ္ထသာသနာရောက်ရှိလာခြင်းဖြစ်သည်။

Back to top Go down
 
မြန်မာနိုင်ငံသို့ သာသနာရောက်ရှိလာပုံ
Back to top 
Page 1 of 1
 Similar topics
-
» တိပိဋက(မြန်မာပြန်)
» လင်္ကာမြေက မြန်မာကြယ်တစ်ပွင့် (ခ) အရှင်ဝဏ္ဏသီရိ

Permissions in this forum:You cannot reply to topics in this forum
ESSENCE OF DHAMMA :: Ph.D :: M.A :: B.A :: 5th semester-
Jump to: