ESSENCE OF DHAMMA
Dhammaessenceဖိုရမ်သည် ရပ်ဝေးမြေခြား ဓမ္မသုတေသီနှင့် စာသင်သားကျောင်းသားများအတွက် ဆုံဆည်းရာဖိုရမ်ဖြစ်သောကြောင့် ညစ်ညမ်းသော ပုံများနှင့် စာများရေးသားခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။(မော်နီတာ)
ESSENCE OF DHAMMA
Dhammaessenceဖိုရမ်သည် ရပ်ဝေးမြေခြား ဓမ္မသုတေသီနှင့် စာသင်သားကျောင်းသားများအတွက် ဆုံဆည်းရာဖိုရမ်ဖြစ်သောကြောင့် ညစ်ညမ်းသော ပုံများနှင့် စာများရေးသားခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။(မော်နီတာ)
ESSENCE OF DHAMMA
Would you like to react to this message? Create an account in a few clicks or log in to continue.
ESSENCE OF DHAMMA

Essence of Dhamma
 
HomeမာတိကာGalleryPublicationsLatest imagesSearchRegisterLog in

 

 မဟာယာနဝိနည်းနှင့် ထေရဝါဒ ဝိနည်းလေ့လာနှိုင်းယှဉ်သုံးသပ်ချက်

Go down 
AuthorMessage
sitagustudent




Posts : 6
Join date : 2018-07-27

မဟာယာနဝိနည်းနှင့် ထေရဝါဒ ဝိနည်းလေ့လာနှိုင်းယှဉ်သုံးသပ်ချက်	 Empty
PostSubject: မဟာယာနဝိနည်းနှင့် ထေရဝါဒ ဝိနည်းလေ့လာနှိုင်းယှဉ်သုံးသပ်ချက်    မဟာယာနဝိနည်းနှင့် ထေရဝါဒ ဝိနည်းလေ့လာနှိုင်းယှဉ်သုံးသပ်ချက်	 EmptyWed 19 Sep 2018 - 12:03

စာချဆရာတော် ဒေါက်တာအရှင်သုတစာရာလင်္ကာရ
စာတမ်းပြုစုသူ အရှင်ပညာသီရိ(M.A 1st semester)
ကျောင်းသားနံပါတ် (SIBA-YGN 000061)
စာလုံးအရေတွက် ၄၅၆ လုံး
စာမျက်နှာ ၆ ရွက်

နိဒါန်း

ဝိနယဟူသည် “ဝိနေသိ ဝိနေတိ ဝိနေဿတိ ဧတေန ဧတ္ထ ဝါ ဝိနယော” ဟူသော ဝိဂ္ဂဟ နှင့်အညီ ဆုံးမကြောင်း၊ ဆုံးမရာဖြစ်သော၊ ပယ်ဖျောက်ခြင်း၊ ဖျက်ဆီးခြင်းဖြစ်သောကြောင့် ဝိနယ မည်၏။ ဝိနယ ခေါ်သော ဝိနည်းသည် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အတွက် စည်းကမ်း ဥပဒေဖြစ်၏။ ဝိနယော နာမ ဗုဒ္ဓ သာသနဿ အာယု၊ ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ၊  ဝိနည်းတည်လျှင် သာသနာတည်၏၊ ဝိနည်း သည် သာသနာ၏အသက်ဖြစ်၏ ဟု မြတ်ဗုဒ္ဓသည် အရှင်မဟာကဿပ မထေရ်မြတ်ကြီးအားမိန့်တော်မူခဲ့ လေသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓသည် အာဏာဒေသနာကို ထားတော်မူခဲ့၏၊ အာဏာဒေသနာဟူသည် ဝိနည်းတော်ပင်ဖြစ်၏၊ မြတ်ဗုဒ္ဓသည် မလ္လမင်းတို့၏ ကုသိနာရုံအင်းကြင်းဥယျာဉ်ကြီးတွင် ပရိနိဗ္ဗာန်စံပြီး ( ၃ )လအကြာ တွင် ပထမသင်္ဂါယနာတင်ရာ၌ အရှင်မဟာကဿပမထေရ်သည် အဘယ်ကို ရှေးဦးစွာ သင်္ဂါယနာ တင်ခြင်းငှာ သင့်လျော်ကောင်းမြတ်ပါသနည်း ဟုမေး၏၊  သံဃာတော်များက ဝိနည်းတည်လျှင် သာသနာတည်၏၊ ဝိနည်း သည် သာသနာ၏အသက်ဖြစ်သည်ဟု မြတ်ဗုဒ္ဓမိန့်တော်မူခဲ့ဖူးသော ကြောင့် ဝိနည်းကို ရှေးဦးစွာ သင်္ဂါယနာတင် သင့်ကြောင်း လျှောက်ထားတော်မူကြ၏။ သို့သော် မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း၌ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်များကို အယူအဆလွဲမှား ကျင့်သုံးခြင်းတို့ကြောင့် ဂိုဏ်းဂဏများကွဲပြားလာခဲ့ကြသည်။ ဂိုဏ်းဟူသည်ကား “ ဂဏ ” ပုဒ်မှ ဖြစ်ပေါ်လာသော ဝေါဟာရ ဖြစ်သည်။ “ အစုအဖွဲ့ ,  အသင်းအပင်း ” ကိုပင် ဂိုဏ်းဟု ခေါ်နေကြ ခြင်းဖြစ်သည်။ ရှင်မဟာကဿပ ဦးဆောင်သော မထေရ်မြတ်များ ပထမသင်္ဂါယနာတင်၍ နိကာယ် ၅ ရပ် , ပိဋကတ် ၃ သွယ်ကို အစီအစဉ်တကျ ထားတော်မူခဲ့ကြသည် ။ “ ထေရဝါဒ ပိဋကတ်တော် ”ပင် ဖြစ်သည် ။ ယင်း ပိဋကတ်တော်လာနှင့်အညီ ကျင့်သုံးဆောက်တည်သော ရဟန်းသံဃာတော်များကို “ ထေရဝါဒသံဃာ ”  ဟုခေါ်သည် ။  ထေရဝါဒသံဃာတော်များသည် နှစ် ၁၀၀ တိုင်တိုင် တစ်စည်းတစ်လုံး တည်းရှိခဲ့ရာမှ ရွှေငွေကို အလှူခံကောင်းကြောင်း အပါအဝင် ဝိနည်းပညတ်ချက် ၁၀ မျိုးကို ဝဇ္ဇီတိုင်းသား ရဟန်းတော်များက ပြင်ဆင်ခဲ့မှုကို အကြောင်းပြု ၍ ဒုတိယ သင်္ဂါယနာတင်ချိန်တွင် “ ထေရဝါဒ ” နှင့် “ မဟာသံဃိက ” ဟူ၍ သံဃာဂိုဏ်း ၂ ဂိုဏ်း ကွဲခဲ့သည် ။
မဟာသံဃိကသည် ထေရဝါဒမှ ပထမဦးဆုံး ခွဲထွက်သောဂိုဏ်းဖြစ်သည်။ မဟာယာန၏ ရှေ့တော်ပြေးဟု ဆိုသင့်သည်။ ဒုတိယသင်္ဂ ါယနာနှင့်ယှဉ်ပြိုင်၍ စင်ပြိုင်သင်္ဂါယနာတင်ခဲ့သော ဂိုဏ်းဖြစ်သည်။ ဘုရားဟောကျမ်းများကို ပြင်ဆင်ဖြည့်စွက်ရန် ရဟန္တာကြီးများကို တော်လှန်ကာ ဂိုဏ်းခွဲရေးရှေ့ဆောင်လမ်းပြ ပြုလုပ်ခဲ့ကြသည်။ မဟာသံဃိကဂိုဏ်းသည် တတိယသင်္ဂါယနာ နောက်ပိုင်း၌ အယူဝါဒများကို ဆင့်ကဲဆင့်ကဲ ပြုပြင်ခဲ့ကြသည်။ တတိယသင်္ဂါယနာမတိုင်မီက ထေရဝါဒကို မယှဉ်ပြိုင်နိုင်သေးချေ။ တတိယသင်္ဂါယနာတင်ပြီးနောက်ပိုင်း နှစ်တစ်ရာခန့်အတွင်း၌ ဆန့်ကျင်ဘက်ဂိုဏ်းများကို စုစည်း၍ ပါဋလိပုတ်နှင့်ဝေသာလီတို့တွင် အခြေချခဲ့သည်။ ထိုသို့ အိန္ဒိယမြောက်ပိုင်းတွင် အားကောင်းလာပြီးနောက် အိန္ဒိယတစ်ခုလုံးလွှမ်းမိုးသွားတော့သည်။
(B.C.309)တွင် တတိယသင်္ဂါယနာ၏ ယှဉ်ပြိုင် သံင်္ဂါယနာအဖြစ် ထေရာဝါဒဂိုဏ်းကွဲ တစ်ခုဖြစ် သည့် သဗ္ဗတ္ထိကဝါဒီဂိုဏ်းမှဦးစီး၍ ရာဇဂဟပြည်နယ်၊ နာလန္ဒာကျောင်းတိုက်ကြီးတွင် စင်ပြိုင် တတိယသင်္ဂါယနာကိုတင်ခဲ့ကြပါသည်၊၊ သဗ္ဗတ္ထိကဝါဒီဂိုဏ်းသည် မဟိသာသကဂိုဏ်းမှ ခွဲထွက်ခဲ့ သောဂိုဏ်းဖြစ်သည်။ ဤဂိုဏ်း၏ပိဋကကျမ်းစာများကို သက္ကတဘာသာဖြင့်ရေးသား သည်။ အချို့က သဗ္ဗတ္ထိကဝါဒကျမ်းကို ထေရဝါဒဟုယူဆကြသည်။ အကြောင်းက ထေရဝါဒ အဘိဓမ္မာ နှင့်တူညီချက်များစွာရှိနေသောကြောင့်ဖြစ်သည်။ သို့ရာတွင် စင်စင် သဗ္ဗတ္ထိကဝါဒသည် မှားယွင်း သောအယူမိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း ကထာဝတ္ထုကျမ်း၌ ရေးသားဖော်ပြထားသည်။ တတိယ သင်္ဂါယနာအစည်းအဝေးပွဲကြီးအပြီးကွဲထွက်လာသောဗုဒ္ဓသာသနာဂိုဏ်းများကိုတင်ပြဆွေးနွေး တင်ပြရလျှင်-
(၁)ထေရဝါဒဂိုဏ်း၊
(၂)မဟာသံဃိကဂိုဏ်း၊

ထေရာဝါဒဂိုဏ်းမှ ကွဲထွက်လာသောဂိုဏ်းများ-
(၃) မဟိသာသကဂိုဏ်း၊
(၄) ဝဇ္ဇီပုတ္တကဂိုဏ်း၊
(၅) သဗ္ဗတ္ထိဝါဒီဂိုဏ်း၊
(၆) ကဿပိယဂိုဏ်း၊
(၇) သကန္တိကဂိုဏ်း၊
(၈) သုတ္တဝါဒီ(သုတ္တန္တိကဝါဒီ)ဂိုဏ်း၊
(၉) ဓမ္မဂုတ္တိကဂိုဏ်း၊
(၁၀) ဓမ္မုတ္တရိကဂိုဏ်း၊
(၁၁) ဘဒ္ဒယာနကဂိုဏ်း၊
(၁၂) ဆန္ဒဂါရိကဂိုဏ်း၊
(၁၃) ဓမ္မိတိကဂိုဏ်း၊ တို့ဖြစ်သည်၊၊

မဟာသံဃိကဂိုဏ်းမှကွဲထွက်လာသော ဂိုဏ်းများ-
(၁၄) ဂေါကုလိကဂိုဏ်း၊
(၁၅) ဗဇာပတိဂိုဏ်း၊
(၁၆) ဗာဟုလိကဂိုဏ်း၊
(၁၇) ဗာဟုသုတိဂိုဏ်း၊
(၁၈) မကဗျာဝဟာရိကဂိုဏ်း၊ တို့ဖြစ်သည်၊၊

“မဟာယာန စတင်ပေါ်ပေါက်လာပုံ”
ဘီစီတစ်ရာစုနှင့် အေဒီ တစ်ရာစုအတွင်း သဒ္ဓမ္မပုဏ္ဏရိကာကျမ်း၌ ထေရဝါဒနှင့် မဟာယာန ဟူသော အသုံးအနှုန်းနှစ်မျိုး တွေ့လာရသည်။ အေဒီနှစ်ရာစုတွင် မဟာယာနဟူသော အသုံးအနှုန်းကို ထင်ထင်ရှားရှား အသုံးပြုလာသည်ကို တွေ့ရသည်။ နာဂဇုနမထေရ်သည် သူ၏ မဓျာမိကကာရိကာဟူသောကျမ်းငယ်တွင် အရာရာတိုင်းသည် သုညတဖြစ်သည်ဟူသော အတွေး အခေါ်အယူအဆကို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့သည်။ အေဒီလေးရာစုတွင် အာစင်္ဂနှင့် ဝသုဗန္ဓုတို့သည် မဟာယာနနှင့် ပတ်သက်သော စာပေကျမ်းဂန် အများအပြားကို ရေးသား ခဲ့ကြ သည်။ မဟာယာနအဖြစ် ထင်ထင်ရှားရှား ပေါ်လာသည့် အေဒီတစ်ရာစုတွင်မှ မဟာယာနနှင့် ဟီနယာနဟူသောအသုံးအနှုံးနှစ်ခုကိုစတင်သုံးစွဲလာကြခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ဟီနယာန နှင့် ထေရဝါဒကို အတူတူဟု မှတ်ထင်မထားအပ်ပေ။ ထိုဝေါဟာရနှစ်ခုမှာ အသုံးအနှုန်း တူညီခြင်း မရှိသည်ကို သတိပြုရမည် ဖြစ်သည်။ ထေရဝါဒဗုဒ္ဓသာသာသည် မဟာယာန ဗုဒ္ဓဘာသာ လုံးဝမပေါ်ပေါက်သေးသည့် ဘီစီ သုံးရာစုတွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ဟီနယာနဂိုဏ်းသည် အိန္ဒိယနိုင်ငံတွင် စည်ပင်ပြန့်ပွားခဲ့ သည်။ သီရိလင်္ကာတွင် တည်ရှိခဲ့သည့် ဗုဒ္ဓဘာသာပုံစံနှင့် သီးသန့် ရပ်တည်ခဲ့ခြင်းဖြစ်သည်။ ယနေ့အချိန်တွင် ဟီနယာနဗုဒ္ဓဘာသာကို ကမ္ဘာ့ မည်သည့်နေရာတွင်မှ တွေ့နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားစသော နိုင်ငံတို့တွင် ယနေ့ ကျင့်သုံးနေသည့် ထေရဝါဒဗုဒ္ဓဘာသာကို ပြောဆို ရည်ညွှန်းကြသောအခါ ဟီနယာနဟူသော အသုံးအနှုန်းကို မသုံးကြရန် ကိုလံဘိုမြို့တွင် ၁၉၅၀-ခုနှစ်ကကျင်းပခဲ့သည့် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များညီလာခံက တညီတညွှတ်တည်း ဆုံးဖြတ် ချက်ချခဲ့ကြခြင်း ဖြစ်သည်။ ဤသည်ပင် ထေရဝါဒဗုဒ္ဓဘာသာ၊မဟာယာန ဗုဒ္ဓဘာသာနှင့် ဟီနယာနဗုဒ္ဓဘာသာတို့၏ သမိုင်းအကျဉ်းဖြစ်သည်။
“ထေရဝါဒနှင့်မဟာယာန”
ထေရဝါဒနှင့် မဟာယာနတို့အကြား ကွဲပြားခြားနားချက်ကို ရှာဖွေခြင်းသည် ရှေးနှစ်ပေါင်းများစွာကို ပြန်လည် လေ့လာရမည်သာဖြစ်သည်။
၁။ ဗုဒ္ဓဘာသာနှစ်ခုလုံးက မြတ်စွာဘုရားကို သူတို့၏ ဆရာအဖြစ် လက်ခံကြသည်။
၂။ သစ္စာလေးပါးတရားတော်မှာလည်း တစ်လုံးမကျန် အားလုံး အတူတူပင်။
၃။ မဂ္ဂင်ရှစ်ပါးမှာလည်း ချွတ်ဆွတ်တူသည်။
၄။ ပဋိစ္စသမုပ္ပါဒ်တရားတော်မှာလည်း တူသည်။
၅။ ကမ္ဘာလောကကြီးကို တစ်စုံတစ်ယောက်က ဖန်ဆင်းအုပ်ချုပ်နေသည်ဟူသော အယူအဆကိုလည်း နှစ်ဂိုဏ်းလုံးက ပယ်ကြသည်။
၆။ ဗုဒ္ဓဘာသာနှစ်ခုလုံးက အနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့် သီလ၊ သမာဓိ၊ ပညာတို့ကို ကွဲပြားမှုမရှိဘဲ လက်ခံကြသည်။
အထက်ပါ တရားတော်တို့မှာ ဗုဒ္ဓဘာသာ၏ အခြေခံအကျဆုံး၊ အရေးကြီးဆုံး တရားတော် များ ဖြစ်ကြသည်။ ထိုတရားတော်အားလုံးကိုပင် နှစ်ဂိုဏ်းလုံးက ယုံမှားသံသယမရှိဘဲ လက်ခံထား ကြသည်။ ကွဲပြားသည့်အချက်အချို့လည်း ရှိပါသေးသည်။



ကျမ်းအကိုးအကားနှင့်ကျမ်းညွှန်း-
၁။ ဝိနည်းဥပဒေတော်ကြီး၊
၂။ ဝိနည်းမဟာဝါ  
၃။ ဝိနည်းစူဠဝါ
၄။ သီဟိုဠ်ရာဇဝင်မဟာဝင်ဝတ္ထုဇမ္ဗူဒီပစာတမ်း
၁၀။ သင်္ဂါယနာသမိုင်းစုံ
၁၁။ The Buddha နှင့် What the Buddha Talk
၁၂။ Theravada - Mahayana Buddhism
၁၃။ ပိဋကပါဠိ၊အဋ္ဌကထာ၊ဋီကာ၊မြန်မာပြန်
Back to top Go down
 
မဟာယာနဝိနည်းနှင့် ထေရဝါဒ ဝိနည်းလေ့လာနှိုင်းယှဉ်သုံးသပ်ချက်
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
ESSENCE OF DHAMMA :: Ph.D :: M.A :: B.A :: 6th semester-
Jump to: