ESSENCE OF DHAMMA
Dhammaessenceဖိုရမ်သည် ရပ်ဝေးမြေခြား ဓမ္မသုတေသီနှင့် စာသင်သားကျောင်းသားများအတွက် ဆုံဆည်းရာဖိုရမ်ဖြစ်သောကြောင့် ညစ်ညမ်းသော ပုံများနှင့် စာများရေးသားခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။(မော်နီတာ)
ESSENCE OF DHAMMA
Dhammaessenceဖိုရမ်သည် ရပ်ဝေးမြေခြား ဓမ္မသုတေသီနှင့် စာသင်သားကျောင်းသားများအတွက် ဆုံဆည်းရာဖိုရမ်ဖြစ်သောကြောင့် ညစ်ညမ်းသော ပုံများနှင့် စာများရေးသားခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။(မော်နီတာ)
ESSENCE OF DHAMMA
Would you like to react to this message? Create an account in a few clicks or log in to continue.
ESSENCE OF DHAMMA

Essence of Dhamma
 
HomeမာတိကာGalleryPublicationsLatest imagesSearchRegisterLog in

 

 Gtalk ထဲက အင်္ဂလိပ်မြန်မာအဘိဓာန် EN2MM

Go down 
AuthorMessage
admin




Posts : 58
Join date : 2010-09-29
Age : 39
Location : Myanmar

Gtalk ထဲက အင်္ဂလိပ်မြန်မာအဘိဓာန် EN2MM Empty
PostSubject: Gtalk ထဲက အင်္ဂလိပ်မြန်မာအဘိဓာန် EN2MM   Gtalk ထဲက အင်္ဂလိပ်မြန်မာအဘိဓာန် EN2MM EmptySun 10 Oct 2010 - 15:44

Gtalk ထဲက အင်္ဂလိပ်မြန်မာအဘိဓာန် EN2MM

၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ပြည်တွင်းရှိ Gmail နှင့် Gtalk အသုံးပြုသူ အများစု၏ Account များတွင် en2mm@mmgeeks.org အမည်ဖြင့် အမြဲတမ်း အွန်လိုင်းဖြစ်နေသော account တစ်ခုကိုတွေ့လာရသည်။ ထို en2mm account သည် အင်္ဂလိပ်-မြန်မာ နှင့် အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန် program ဖြစ်ကာ ထို program ကို မြန်မာအိုင်စီတီနည်းပညာအဖွဲ့တစ်ခု ဖြစ်သော Myanmar Geeks က ရေးသားထားခြင်းဖြစ်သည်။ ရန်ကုန် အပါအ၀င် တစ်နိုင်ငံလုံးတွင် အင်တာနက်သုံးသူဦးရေတိုးတက် လာနေသည်နှင့် အမျှ သုံးသူတို့၏ အရည်အသွေးမှာလည်း website များတွင် အချက်အလက်ရှာများ ရှာဖွေခြင်း၊ software များကို download ဆွဲခြင်း စသဖြင့် တိုးတက်လာခဲ့သည်။ ထိုသို့ တိုးတက်လာချိန်တွင် အင်တာနက်သုံးသူအများစု ကြုံတွေ့နေရသော ဘာသာစကား အခက်အခဲကို လူအများစု အသားကျသုံးစွဲ နေပြီးဖြစ်သော Gtalk ပေါ်၌ပင် အလွယ်တကူ ဖြေရှင်းနိုင်ရန် အခမဲ့ ဆောင်ရွက်ပေးထားသော en2mm Gtalk Dictionary နှင့် ၎င်းကို ပြုလုပ်ခဲ့သော Myanmar Geeks အဖွဲ့၏ အကြောင်းများကို စုစည်းဖော်ပြလိုက်ပါသည်။
En2mm သည် ပြည်တွင်းမှ Gtalk သုံးသူများအတွက် ပထမဆုံးနှင့်တစ်ခုတည်းသော Gtalk Dictionary ဖြစ်ကာ မြန်မာပြည်တွင် အသုံးအများဆုံး online software တခုလည်းဖြစ်သည်။ En2mm ကို စတင်သုံးနိုင်ခဲ့သော ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ မှ သြဂုတ်လကုန်အထိ အသုံးပြုနေသူပေါင်း ခြောက်သောင်းနီးပါးရှိနေပြီဖြစ်သည်။
" အခုချိန်အထိ Add request လာလုပ်သူပေါင်း ၅၇၀၀၀ ကျော်ရှိပါတယ်၊ ကျွန်တော်တို့ en2mm ကိုစပြီး run တုန်းက လူနည်းစုလောက်ကပဲ သုံးမယ်လို့ထင်ခဲ့တယ်၊ ဒါပေမယ့် ပထမဆုံးစတဲ့နေ့မှာပဲ အသုံးပြုသူ တစ်ထောင်ကျော်သွားခဲ့တယ်။ တစ်ပတ်ပြည့်တဲ့အချိန်မှာ လူတစ်သောင်းကျော်အထိရှိလာတာ တွေ့ရတော့ တော်တော်အံ့သြမိတယ်၊ အသုံးပြုသူအများကြီးကို ၀န်ဆောင်မှုပေးနိုင်အောင်လည်း software ကိုအကြိမ်ကြိမ်ပြင်ရေးခဲ့ရပါတယ် " ဟု en2mm software ကို အဓိကတာဝန်ယူရေးသားခဲ့သူ ကိုအောင်ကျော်ထက် ( MM Geeks )က Email မှ တဆင့်ပြောကြားသည်။
အသုံးပြုသူဦးရေများပြားလာမှု ကြောင့် en2mm2, en2mm3 တို့ကို ထပ်တိုးခဲ့ရပြီး ဇွန်လတွင် en2mm4၊ ဇူလိုင်လတွင် en2mm5 နှင့် သြဂုတ်လအတွင်း en2mm6 တို့ကိုထပ်တိုးခဲ့ရသည်။ အသုံးပြုနေသော account အရေအတွက်များမှာ en2mm တွင် ၈၇၂၂ခု၊ en2mm2 တွင် ၈၈၅၄ခု၊ en2mm3 တွင် ၈၇၉၀ခု၊ en2mm4 တွင် ၈၉၂၃ခု၊ en2mm5 တွင် ၈၈၈၇ခု နှင့် စတင်ထားချိန် တစ်လ မပြည့်သေးသော en2mm6 တွင် account ပေါင်း ၆၃၀၇ ရှိနေပြီဖြစ်ရာ ထိုစာရင်းအရ အသုံးပြုသူဦးရေ လစဉ် ကိုးထောင်နီးပါး တိုးနေသည်ကိုတွေ့ရသည်။
en2mm gtalk dictionary ၏ အသုံးဝင်မှု နှင့်ပက်သက်၍ အင်တာနက်ကို နေ့စဉ်အသုံးပြုနေသူတစ်ဦးက " ဒီ en2mm က သုံးရတာ အတော်အဆင်ပြေပါတယ်။ website တွေကြည့်ရင်းမသိတဲ့စာလုံးပါရင် copy လုပ်ပြီး ထည့်ပေးလိုက်ရုံပဲ Reply ပြန်ပေးတာလည်း မြန်တယ်၊ စသုံးဖို့လည်း လွယ်တယ်၊ Register လုပ်စရာ Login လုပ်စရာမလိုဘဲသုံးလို့ရတယ်၊ နောက်ပြီး website မှာ မဟုတ်ဘဲ gtalk မှာတင်ထားတာဆိုတော့ connection မကောင်းချိန်မှာတောင် သုံးလို့ရတယ်၊ အကောင်းဆုံးအချက်ကတော့ ဘာမှပေးစရာဝယ်စရာမလိုဘဲ အလကားသုံးလို့ရတယ် " ဟုပြောသည်။ en2mm ကို သုံးရန်အတွက် gtalk တွင် en2mm@mmgeeks.org ကို add လိုက်ရုံသာဖြစ်ပြီး program က အလိုအလျောက်လက်ခံ လိုက်သည်နှင့် အသုံးပြုနိုင်မည်ဖြစ်သည်။
en2mm ကို အသုံးပြုနေသူများနှင့် ပက်သက်၍ ကိုအောင်ကျော်ထက်က " ကျွန်တော်အနေနဲ့ တစ်ခါတစ်လေ System Testing အတွက် Log တွေကို စစ်ကြည့်လိုက်ရင် User အများစုက အပျော်သုံးမဟုတ်ဘဲ တကယ်အကျိုးရှိရှိ သုံးနေတာကို တွေ့ရတဲ့အတွက် ကြည်နူးမိတယ်။ ပညာဒါနပြုနေတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့ MM Geeks, MMLT, Mystery Zillion အဖွဲ့က လူတွေအားလုံး အချိန်ကုန်ခံလူပင်ပန်းခံရကျိုးနပ်ပါတယ်ဗျာ " ဟုပြောသည်။ Software Project ကို ကိုအောင်ကျော်ထက်နျင့် အတူ MM Geeks ၏ မူလအဖွဲ့ဖြစ်သော Myanmar Language Technology ( MMLT ) မှ ကိုဆန်းသူရိန်အောင် တို့က အဓိကတာဝန်ယူရေးသားခဲ့ကာ အင်္ဂလိပ်မြန်မာအဘိဓာန်ကို Mystery Zillion အဖွဲ့က ကူညီပေးခဲ့ပြီး အခြား MM Geeks အဖွဲ့ဝင်များက လည်း System နှင့် Hosting ပိုင်းအတွက် ကူညီခဲ့ကြကြောင်းကို ကိုအောင်ကျော်ထက် က ပြောသည်။
အသုံးပြုထားသော အင်္ဂလိပ်မြန်မာအဘိဓာန် မှာ Mystery Zillion အဖွဲ့က ပြုစုထားသည့် Ornagai အဘိဓာန် ဖြစ်ပြီး စာလုံးပေါင်း ၂၆၀၀၀ ကျော်ပါဝင်သည်။ ထိုအဘိဓာန်တွင် မပါဝင်သော စာလုံးများအတွက် အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန် အဖြစ် Princeton တက္ကသိုလ်က ထုတ်ဝေထားသည့် ဝေါဟာရ တစ်သိန်းကျော်ပါဝင်သော Wordnet အဘိဓာန်ကို သုံးထားသည်။ ရှာဖွေသည့်အခါ Ornagai အဘိဓာန်တွင် ဦးစားပေးရှာဖွေပြီး မတွေ့လျှင် Wordnet အဘိဓာန်တွင် ထပ်ရှာကာ နှစ်ခုစလုံး မတွေ့လျှင်လည်း မတွေ့ကြောင်းကို reply ပြန်ပေးမည်ဖြစ်သည်။
Gtalk ၏ Dictionary Bot တစ်ခု ဖြစ်သော En2mm ကို Google က လုပ်ထားသည့် Machine Translation Bot များကဲ့သို့ပြုလုပ်ထားကြောင်း Translation Bot ပြုလုပ်ရန်အတွက် အချိန်နှင့်လူအင်အား စိုက်ထုတ်ရမှုများပြားသဖြင့် မလုပ်နိုင်သေးသော်လည်း Diictionary အဆင့်ပြုလုပ်ထားခြင်းဖြင့် ပြည်တွင်းမှ အသုံးပြုသူများအတွက် အကျိုးရှိစေရန် ရည်ရွယ်ပြုလုပ်ခဲ့ကြောင်း ကိုအောင်ကျော်ထက်က ပြောသည်။
ကွန်ပျူတာ နည်းပညာပိုင်းအရ software ကို google ၏ တရားဝင် အသိအမှတ်ပြု program ရေးသားနည်းစနစ်တခုဖြစ်ပြီး လူသုံးများလာသည့်စနစ်လည်းဖြစ်သည့် Python ဖြင့် ရေးသားထားသည်။ Software ကို Python xmpppy ကိုသုံးပြီး Gtalk Server နှင့် ဆက်သွယ်ထားကာ en2mm account တစ်ခုစီအတွက် en2mm program ကို Myanmar Geeks ၏ Server တွင် run ထားသည်။ ထို program က လူများသုံးနေသော gtalk account များကဲ့သို့ပင် Google Server တွင် Log In လုပ်ထားပြီး အမြဲတမ်း Online ဖြစ်နေကာ Chat Message များကို စစ်ဆေးပြီး reply များကို ပြန်ထုတ်ပေးနေမည်ဖြစ်သည်။
en2mm သည် အမြဲတမ်း online ဆိုသော်လည်း တစ်ခါတစ်ရံ connection အခြေအနေကြောင့်ဖြစ်စေ တစ်ပြိုင်နက်သုံးသူ အလွန်များလာချိန်တွင်ဖြစ်စေ Disconnect ဖြစ်ပြီး Offline ဖြစ်နေသည်ကိုလည်း တွေ့ရသည်။ ထိုကိစ္စကို ဖြေရှင်းနိုင်ရန်အတွက် အသုံးပြုသူအလွန်များနေချိန်တွင် ခေတ္တနားပြီးမှ ပြန်အလုပ်လုပ်သောနည်းပညာနှင့် Google Server တွင် Disconnect ဖြစ်သည့်အခါ Offline အချိန်ကြာမြင့်မှုမရှိစေရန် Auto Reconnect ကိုလုပ်သောစနစ်များကိုလည်း အသစ်ထည့်သွင်းအသုံးပြုထားကြောင်းသိရသည်။
En2mm ၏နည်းစနစ်ပိုင်းဆိုင်ရာ Source Code များကို လေ့လာလိုပါက mmlt.googlecode.com ၊ အဘိဓာန်နှင့်ပက်သက်၍ အသေးစိတ်ကြည့်ရှုလိုပါက Mystery Zillion ၏ ornagai.com ၊ Gtalk Bot နည်းပညာများနှင့် En2mm နှင့်ပက်သက်၍ ဆွေးနွေးမေးမြန်းလိုပါက mmgeeks.org/forum website များတွင် ၀င်ရောက်ကြည့်ရှုနိုင်သည်။
Myanmar Geeks ၏ မူလအဖွဲ့ဖြစ်သော MMLT ကို ၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ မြန်မာဘာသာနှင့် သက်ဆိုင်သည့် နည်းပညာများကို အဓိကထားဖော်ပြခဲ့ရာမှ နောက်ပိုင်းတွင် စိတ်ဝင်စားသူပိုမိုများလာသည်နှင့်အမျှ အကြောင်းအရာလည်းပိုစုံလာသဖြင့် ကွန်ပျူတာနည်းပညာကို စိတ်ဝင်စားသူ မည်သူမဆိုပါဝင်နိုင်သော MM Geeks ကို ၂၀၀၇ ခုနှစ်တွင်စတင်ခဲ့ကြောင်း၊ MM Geeks ၏ project များကို စိတ်ဝင်စားသူများ၊ project အသစ်များလုပ်လိုသူများ၊ ICT ပညာရပ်ကို ဆွေးနွေးလိုသူများ အားလုံးကို MM Geeks Forum ဖိတ်ခေါ်ကြောင်းနှင့် မည်သည့် Technical ကိစ္စများကို မဆို ၀င်ရောက်ဆွေးနွေးနိုင်ကြောင်းသိရသည်။ ထို့အပြင် စီးပွားဖြစ်ပြုလုပ်ထားခြင်း မဟုတ်သော အများအကျိုးအတွက် ပြုလုပ်ထားသည့် website များကို en2mm ၏ Gtalk Account များတွင် အခမဲ့ကြော်ငြာ ထည့်သွင်းပေးသွားမည်ဟု သိရသည်။
Attachments
Gtalk ထဲက အင်္ဂလိပ်မြန်မာအဘိဓာန် EN2MM Attachment()DreamAquariumปลา.gif
You don't have permission to download attachments.
(814 Kb) Downloaded 1 times
Back to top Go down
 
Gtalk ထဲက အင်္ဂလိပ်မြန်မာအဘိဓာန် EN2MM
Back to top 
Page 1 of 1
 Similar topics
-
» ဗုဒ္ဓဓမ္မစာအုပ်များ(အင်္ဂလိပ်)

Permissions in this forum:You cannot reply to topics in this forum
ESSENCE OF DHAMMA :: DHAMMA-ESSENCE :: LIBRARY(စာကြည့်တိုက်)-
Jump to: